Anisakhan Library
2012က စတင်ဖွင့်လှစ်ခဲ့သည့် အနီးစခန်းက ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေးက ခုချိန်မှာတော့ စာအုပ်ပေါင်းစုံစုံလင်လင်၊ ပန်းခြံ ကစားကွင်း တို့နဲ့ အပန်းဖြေစရာနေရာငယ်လေးတစ်ခုဖြစ်နေပါပြီ။
စာကြည့်တိုက်ရေရှည်ရပ်တည်နိုင်အောင် ရန်ပုံငွေ ရရှိဖို့အတွက် ဈေးချိုတဲ့ ကော်ဖီဆိုင်လေးပါတွဲဖွင့်ထားပြီး အဆာပြေမုန့်လေးတွေလည်းရရှိနိုင်ပါတယ်။ ရန်ပုံငွေ ကော်ဖီဆိုင်လေးအတွက် ကော်ဖီစေ့နဲ့ လိုတာလေးတွေကို ပန်းတော်ဝင်နဲ့ စည်သာ ကော်ဖီဆိုင်က လှူဒါန်းထားတယ်လို့ သိရပါတယ်။ ကော်ဖီကောင်းကောင်းသောက်ချင်ပြီး အေးချမ်းချမ်းစာထိုင်ဖတ်ချင်တဲ့သူတွေအတွက်တော့ အကောင်းဆုံးနေရာလေးတစ်ခုပါပဲ။
ကလေးတွေအတွက် ပန်းခြံ ကစားကွင်း ဘောလုံးကွင်းတွေလည်းလုပ်ပေးထားပါသေးတယ် ။
စာအုပ်တွေက ပုံပြင်၊ကာတွန်းရုပ်ပြကနေစပြီး Eng ဝထ္တု၊ ဘာသာပြန်၊ဗုဒ္ဓစာပေ၊ ဂန္ဓာဝင်စာပေ၊အောင်မြင်ရေး၊ တက်ကျမ်း၊ ဂျာနယ် မဂ္ဂဇင်း ၊အချစ်ဝထ္တု သုတ ရသ စာပေအမျိုးစားတော်တော်စုံအောင်ရှိလို့ စာဖတ်ဝါသနာပါတဲ့သူအတွက်တော့ မပြန်ချင်တော့မယ့်နေရာလေးတစ်ခုပါပဲ။
အေးအေးဆေးဆေးစာထိုင်ဖတ်စရာ နေရာလေးတွေလည်းလုပ်ထားပေးလို့ စာကြည့်တိုက်မှာပဲ ကော်ဖီသောက် မုန့်စားရင်းစာထိုင်ဖတ်ချင်လည်းရသလိုအိမ်ငှားသွားချင်လည်း ကဒ်လုပ်ထားပြီး အခမဲ့ ငှားရမ်းဖတ်ရှုလို့ရပါတယ်။
စာကြည့်တိုက်ဖွင့်ချိန်က ပုံမှန် မနက်9နာရီကနေ ညနေ 5နာရီထိဖြစ်ပြီး ခုတော့ ပိတ်ထားပါသေးတယ်နော် ။မကြာခင်ပြန်ဖွင့်တော့မယ်လို့တော့သိရပါတယ် ။
လိပ်စာက ပြင်ဦးလွင်အနီးစခန်း နှီးဘုရားလမ်း နှီးဘုရားမုဒ်ဦးရှိတဲ့လမ်းတည့်တည့်ပါ ။ သွားဖြစ်ခဲ့ရင် အိမ်မှာ ပိုနေတဲ့စာအုပ်လေးတွေရှိလည်း ယူသွားပြီးလှူန်းဒါန်းနိုင်ပါတယ်။
No comments:
Post a Comment