Wednesday, 12 August 2020

မေမြို့က ထူထူခြားခြားတည်းခိုစရာနေရာလေးများ 🏡🏡🏡



ပြင်ဦးလွင်ရောက်တဲ့အခါ ပုံမှန်သမာရိုးကျHotelတွေမတည်းချင်ဘဲ ထူးထူးဆန်းဆန်းနဲ့ကဗျာဆန်ဆန်လေးနေချင်ကြတဲ့လူငယ်‌ တွေအတွက် ....


#Htoongelayvilla


#TeaStory


#AggaTinnyHouse 



🏡Htoongelay Villa 🏡

ပြင်ဦးလွင်မိုးကုတ်လမ်းဘေးက ရွာလေးတစ်ရွာမှာရှိပါတယ် ဟိုတယ်တော့မဟုတ်ပါဘူး‌‌နော် 

အရမ်းချစ်ဖို့ကောင်းတဲ့အိမ်လေးတစ်လုံးပဲရှိပါတယ် 

မြို့ထဲနဲ့ဝေးတဲ့အတွက် အရမ်းကိုတိတ်ဆိတ်အေးချမ်းပြီး ကဗျာဆန်လွန်းတဲ့နေရာလေးပါ

 နားအေးပါးအေးနေချင်တဲ့သူတွေ ထူးခြားတဲ့နေရာလေးတွေမှာပုံရိုက်ချင်တဲ့သူတွေ အတွက်နေ‌ရာကောင်းလေးတစ်ခုပါ ပန်းပွင့်တဲ့အချိန်ဆိုရင်တော့ လီလီပန်းခင်းကြီးရှိပါတယ်  အိမ်အသေးလေးပဲဖြစ်လို့နှစ်ယောက် အလွန်ဆုံးသုံးယောက်ပဲနေလို့ရပါမယ် အိမ်လေးထဲမှာ  ရေခဲရေခဲသေတ္တာ ရေနွေးအိုးနဲ့ ပန်းကန်ခွက်လေးတွေရှိပါတယ်  ရေပူရေအေးရပီး ဘိုထိုင်လည်းရှိပါတယ်နော် Hotelမဟုတ်လို့ အစားအသောက်တော့မရနိုင်သေးပါဘူး မြို့ထဲကစားသောက်စရာတွေဝယ်သွားမှအဆင်ပြေပါလိမ့်မယ်‌deliveryနဲ့တော့မှာစားလို့ရပါတယ် 

အိမ်လေးတစ်လုံးပဲရှိတာ‌‌ ကြောင့်ကြို booking လုပ်ထားဖို့လိုပါတယ်နော် 






🍀Tea Story🍀

ကန်တော်ကြီးနား ကန်ပါတ်လမ်း က Tent house လေးပါ 

ပုံပြင်လေးတစ်ပုဒ်ထဲရောက်သွားသလိုခံစား ရစေမှာပါ လက်ဖက်ခင်းတွေ ကော်ဖီပင်တွေအုံ့ အုံ့စိုင်းစိုင်းနဲ့ သာယာလွန်းတဲ့နေရာလေးတစ်ခုပါ 

သဘာကိုချစ်မြတ်နိုးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဝါးပင်လေးတွေ သက်ကယ်တွေ အုန်းမို့ခွက်လေးတွေ နဲ့ အသေးအဖွဲလေးတွေကအစ သဘာဝဆန်ဆန်လေးဖန်တီးပြင်ဆင်ထားတဲ့နေရာလေးပါ Tent လေးပေမယ့်အမိုက်စားလေးပြင်ဆင်ထားပါတယ်

နှစ်ယောက်အိပ် tent 5လုံးနဲ့ အဖွဲ့လိုက်လာလည်ချင်တဲ့သူတွေအတွက် tent အကြီးကြီးတစ်လုံးလည်းရှိပါတယ်

 မြို့ပြကိုငြီးငွေ့နေတဲ့သူတွေအတွက်  Tent လေးထဲညအိပ်ပြီးမနက်လင်းလာရင် လက်ဖက်ခင်းတွေကြားကော်ဖီပင်တွေနား မနက်စာစား ကောာ်ဖီသောက်ရင်းမေမြို့ရဲ့ သဘာဝအရသာကိုအပြည့်အဝခံစားနိုင်ပါတယ် ဝါးခုံတန်းလေးတွေ တံတားလေးတွေနဲ့ ပုံရိုက်စရာနေရာလှလှလေးတွေလည်း အများကြီးလုပ်ပေးထားပါသေးတယ်








🏜️Agga Tinny House🏜️

ဒါလေးကတော့ ချစ်ဖို့ကောင်းတဲ့အိမ်သေးသေးလေးတွေ ရောင်စုံရှိပါတယ်  အိမ်သေးသေးလေးရဲ့ထပ်ခိုးနိမ့်နိမ့်လေးမှာ အိပ်ရတဲ့ခံစားချက်က တကယ့်ကိုအသစ်ဖြစ်နေမှာပါ သေး‌လွန်းတဲ့အိမ်လေးတွေဖြစ်ပေမယ့် အထဲမှာတော့အစုံရှိပါတယ်နော် ဆိုဖာခုံလေးရော ရေခဲသေတ္တာအသေးလေးရော ရေချိုးခန်းအိမ်သာရော 

ကျဉ်းကျဉ်းသေးသေးလေးမှာ ချစ်ဖို့ကောင်းအောင်ပြင်ဆင်ထားတာလေးက နေရာတိုင်းဓါတ်ပုံရိုက်ချင်စရာလေးတွေပါပဲ အားသာချက်လေးကမြို့ထဲနဲ့တော်တော်နီးတာနဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေခေါ်ခွင့်ပြုထားတာပါပဲ နောက်ပြီးစက်ဘီးလေးတွေလည်းfreeငှားပေးပါသေးတယ်တဲ့နော်


ပြင်ဦးလွင်ရောက်တဲ့အခါ လူငယ်ငယ်တွေပဲလည်းဖြစ်တယ် အသစ်အဆန်းလေးတွေလည်းစိတ်ဝင်စားတယ် ပုံရိုက်ရတာလည်းဝါသနာပါတယ်ဆိုရင် ဒီနေရာ လေးသုံးခုကသွားတည်းလို့အဆင် ‌ေ‌ပြ ပါလိမ့်မယ်နော်

PyinOoLwin Travel

Sunday, 17 May 2020

စာအုပ်ပေါင်း တစ်သောင်းငါးထောင်ကျော် ရှိတဲ့ ပြင်ဦးလွင်က စာကြည့်တိုက်နဲ့ ကော်ဖီဆိုင်လေး Anisakhan library


 
စာအုပ်ပေါင်း တစ်သောင်းငါးထောင်ကျော်ရှိတဲ့ ပြင်ဦးလွင်က စာကြည့်တိုက်နဲ့ ကော်ဖီဆိုင်လေး 

Anisakhan Library
2012က စတင်ဖွင့်လှစ်ခဲ့သည့် အနီးစခန်းက ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေးက ခုချိန်မှာတော့ စာအုပ်ပေါင်းစုံစုံလင်လင်၊ ပန်းခြံ ကစားကွင်း တို့နဲ့ အပန်းဖြေစရာနေရာငယ်လေးတစ်ခုဖြစ်နေပါပြီ။

စာကြည့်တိုက်ရေရှည်ရပ်တည်နိုင်အောင် ရန်ပုံငွေ ရရှိဖို့အတွက်‌ ဈေးချိုတဲ့ ကော်ဖီဆိုင်လေးပါတွဲဖွင့်ထားပြီး အဆာပြေမုန့်လေးတွေလည်းရရှိနိုင်ပါတယ်။ ရန်ပုံငွေ ကော်ဖီဆိုင်လေးအတွက် ကော်ဖီစေ့နဲ့ လိုတာလေးတွေကို ပန်းတော်ဝင်နဲ့ စည်သာ ကော်ဖီဆိုင်က လှူဒါန်းထားတယ်လို့ သိရပါတယ်။ ကော်ဖီကောင်းကောင်းသောက်ချင်ပြီး အေးချမ်းချမ်းစာထိုင်ဖတ်ချင်တဲ့သူတွေအတွက်တော့ အကောင်းဆုံးနေရာလေးတစ်ခုပါပဲ။



ကလေးတွေအတွက် ပန်းခြံ ကစားကွင်း ဘောလုံးကွင်းတွေလည်းလုပ်ပေးထားပါသေးတယ် ။

စာအုပ်တွေက ပုံပြင်၊ကာတွန်းရုပ်ပြကနေစပြီး Eng ဝထ္တု၊ ဘာသာပြန်၊ဗုဒ္ဓစာပေ၊ ဂန္ဓာဝင်စာပေ၊အောင်မြင်ရေး၊ တက်ကျမ်း၊ ဂျာနယ် မဂ္ဂဇင်း ၊အချစ်ဝထ္တု သုတ ရသ စာပေအမျိုးစားတော်တော်စုံအောင်ရှိလို့ စာဖတ်ဝါသနာပါတဲ့သူအတွက်တော့ မပြန်ချင်တော့မယ့်နေရာလေးတစ်ခုပါပဲ။




အေးအေးဆေးဆေးစာထိုင်ဖတ်စရာ နေရာလေးတွေလည်းလုပ်ထားပေးလို့ စာကြည့်တိုက်မှာပဲ ကော်ဖီသောက် မုန့်စားရင်းစာထိုင်ဖတ်ချင်လည်းရသလိုအိမ်ငှားသွားချင်လည်း ကဒ်လုပ်ထားပြီး အခမဲ့ ငှားရမ်းဖတ်ရှုလို့ရပါတယ်။

စာကြည့်တိုက်ဖွင့်ချိန်က ပုံမှန် မနက်9နာရီကနေ ညနေ 5နာရီထိဖြစ်ပြီး ခုတော့ ပိတ်ထားပါသေးတယ်နော် ။မကြာခင်ပြန်ဖွင့်တော့မယ်လို့တော့သိရပါတယ် ။

လိပ်စာက ပြင်ဦးလွင်အနီးစခန်း နှီးဘုရားလမ်း နှီးဘုရားမုဒ်ဦးရှိတဲ့လမ်းတည့်တည့်ပါ ။ သွားဖြစ်ခဲ့ရင် အိမ်မှာ ပိုနေတဲ့စာအုပ်လေးတွေရှိလည်း ယူသွားပြီးလှူန်းဒါန်းနိုင်ပါတယ်။



Friday, 8 May 2020

ပြင်ဥ◌ီးလွင်မြို့ကမိုးကြိုပန်းခေါ် မိုးဆမ်းပန်းလေးတွေ အကြောင်း

ပြင်ဦးလွင်ဆိုတာပန်းမြို့တော်လို့တင်စားကြရလောက်အောင် ရာသီပေါ်ပန်းလေးတွေ အမျိုးစုံ အရောင်စုံ သူ့အချိန်နဲ့ သူအရမ်းလှကြပါတယ် ။
အခုတော့ မိုးဆမ်းပန်းခေါ် မိုးကြိုပန်းလေးတွေအလေ့ကျ ပွင့်တဲ့ရာသီ ဖြစ်လို့ ဖတ်မိသလောက် မိုးကြို‌ပန်းအကြောင်းလေးတွေဖော်ပြပေးလိုက်ပါတယ်နော်။
မိုးကြိုပန်း Crocus
Family -Lridaceae
Genus -Crocus
မြန်မာလိုရော အင်္ဂလိပ်လို‌‌ ရောနာမည်တွေအများကြီးပိုင်‌ဆိုင်တဲ့ပန်းလေးပါ ။Crocus,Fairy Lily,Autumn Zephyr Lily, Magic Lily, Rain Lily ,Crocus Lily
မြန်မာလိုတော့ မိုးကြိုပန်း၊ မိုးသောက်ပန်း၊ မိုးဆမ်းပန်း၊နှင်းပန်း၊ခတ္တာပန်း၊လေးကျွန်းကြာခိုင်၊ပန်းမိုရွာ၊တပင်ရွှေထီး၊ပန်းကျည်တောက်၊နောက်ပြီး ကဝ်းခမ်းလော့ ချင်းလိုကျ ခါခွန်းပါ နာမည်အမျိူမျိုးရှိပီး အခေါ်ဝေါ်တွေ တစ်နေရာနဲ့တစ်နေရာမတူဘူးလို့ကြားဖူးပါတယ်။
တကူးတကရေလောင်းပေါင်းသင်ပြီးစိုက်စရာမလိုတဲ့ အကြမ်းလည်းခံပြီး အလေ့ကျပေါက်တဲ့ပန်းအမျိုးစားလေးပါ။
နေရာဒေသမရွေးမျိုးဥကြဲပြီးလည်းစိုက်လို့ရပေမယ့် အများအားဖြင့် စိုစွတ်တဲ့တောင်ပေါ်ဒေသတွေမှာ ပိုပေါပါတယ်။
မြန်မာနိုင်ငံရဲ့ အအေးပိုင်းဒေသ တောင်ပေါ်ဒေသတွေမှာ လမ်းဘေးဝဲယာမှာ အများဆုံးတွေ့ရတတ်ပါတယ် ။ပြင်ဦးလွင်၊ တောင်ကြီး ၊ကလော၊ အောင်ပန်း ၊ ရှမ်းမြောက် ကွတ်ခိုင် ၊လွိုင်ဆမ်ဆစ်၊မူဆယ်လမ်း၊ လားရှိုးတက္ကသိုလ်အနီး၊ နမ္မတူဂေါက်ကွင်းစတဲ့နေရာတွေမှာပန်းခင်းတွေ ရှိတတ်တယ်လို့သိရပါတယ်။ တောင်ပေါ်မြေပြန့် ဘယ်နေရာမဆို စိုက်ပျိုးနိုင်ပြီးစိုက်ရတာမခက်သလို ရှင်သန်ဖို့လည်းလွယ်ကူတဲ့ ပန်းလေးပါ။ မြေဩဇာမလိုဘဲ ရေအမှုံလေးတွေဖျန်းပေးရင်တော့ပိုကောင်းပါတယ်။
ရာသီပန်းလေးတွေဖြစ်လို့ ပန်းမပွင့်တဲ့ရာသီဆိုရင်တော့ ရိုးရိုးသာမန် ပေါင်းမြတ်ပင်တွေလိုပါပဲ။
နွေအကုန် မိုးအကူး ဖက်စွတ်မိုးရွာပြီးခါစအချိန်လေးက သူ့ရာသီပါပဲ ။မိုးကိုကြိုတဲ့ပန်းလေးတွေမို့ မိုးကြိုပန်းလို့တင်စား‌‌ ခေါ်ဆိုကြပါတယ် ။အဲ့ပန်းလေးတွေပွင့်ပြီဆို ဒေသခံတွေက ပျော်ရွှင်ကြပြီး ကံကောင်းခြင်းတွေသယ်ဆောင်ပေးတဲ့ပန်း၊အေးချမ်းတဲ့နမိတ်ဆောင်တဲ့ပန်းလို့ လည်းပြောကြပါတယ် ။
အရောင်က ပန်းရောင်၊ အဝါ အဖြူ ရှိပီးမေမြို့မှာတော့ အများဆုံးကပန်းရောင်လေးတွေပါ ။
ပြင်ဦးလွင် လမ်းဘေးဝဲယာတွေမှာ ကြိုးတိုးကျဲတဲ ပေါက်ပြီး တချို့ ခြံဝင်းတွေ တော်တော်များများမှာတော့ပန်းခင်းလိုက်ရှိတတ်ပါတယ် ။
မေမြို့ရဲ့ ရှေးခေတ် ကိုလိုနီအဆောက်ဦးတွေရှိတဲ့ ခြံတွေထဲမှာတော့ အဲ့ပန်းလေးတွေပွင့်တဲ့ရာသီဆို နောက်ခံအိမ်ကြီးတွေနဲ့ ပန်းခင်းရဲ့ မြင်ကွင်းကပန်းချီကားတွေထက်ကိုပိုလှပြီး ကဗျာဆန်လွန်းပါတယ် ။
ကြာကြာမခံဘဲအချိန်ခဏလေးပဲတွေ့ရတတ်တာကလည်း သူ့ရဲ့တန်ဖိုးတစ်ခုပါပဲ။
မိုးအရမ်းရွာရင်လည်းမရှိတော့သလို နေတအားပူလာလည်းမရှိတော့ပါဘူး ။အကြာကြီးမခံပေမယ့် သူ့ပွင့်တဲ့အချိန်ခဏလေးမှာတော့ အရမ်းကို တာ‌ဝန်ကျေအောင်လှပေးကြပါတယ်။
"ပင်မြင့်စံပန်းတွေလို
အမြင့်မှာ မတင့်တယ်ရဘူး
စင်မြင့်စံပန်းတွေလို
မင်္ဂလာပွဲတွေမှာ အသုံးတော်မခံရ
ပင်စည်မားမားနဲ့မိခင်အပင်မှာ
မခိုလှုံရရှာ
ဆူးခက်ဝေတဲ့ နှင်းဆီလိုလည်း
မာန မဝေရရှာဘူး
မြေနိမ့်မှာ စံမြန်း
သူ့သက်တမ်းတိုပေမယ့်
ပန်းဆီရောင် ဝေဝေဆာဆာနဲ့
သူ့ဟန်ပန်မာနကင်းတယ်
ရှင်ရတုန်းတခဏမှာ
ကမ္ဘာမြေအတွက်
သူ့အရည်ချင်းရှိသလောက်
အလှဆုံး ပွင့်ဖူးပေးခဲ့ပါသော
မိုးကြိုသည့် ဒီပန်း "
မိုးကြိုပန်းနဲ့ပါတ်သတ်ပြီးဖတ်ဖူးတဲ့ Hlaing Su Yin ရဲ့ ကဗျာလေး
ပွင့်တဲ့အချိန်ခဏလေးမှာ တောင်ပေါ်မြို့လေးတွေကို အကောင်းဆုံးအလှဆင်ပေးတဲ့ ချစ်ဖို့ကောင်းတဲ့ မိုးကြိုပန်းလေးတွေပါ ...
Photo credit

Thursday, 9 April 2020

Page role ပေးနည်းနှင့် page role များအကြောင်း

Page Role တွေကဘာလဲ
Page Role ဘယ်လိုပေးမလဲ??

         Page တစ်ခု ပိုင်ဆိုင်ထားပြီးပြီဆိုရင်တော့ Page Roleတွေအကြောင်း မသိမဖြစ် သိဖို့ လိုအပ်ပါတယ် ဒါမှ ဘယ်သူ့ကို ဘယ် Roleပေးသင့်လဲ ဆိုတာနဲ့ ကိုယ့်page  လေးသူများစီမပါသွားအောင် ကာကွယ်နိုင်မှာပါ

Page Role တွေက Admin ,Editor,Moderator,Advertiser,Analyst ဆိုပြီး ရှိပါတယ်။

-Admin
           အဓိက ပါပဲ  page တည်ထောင်သူ page ပိုင်ရှင်ပါ ။သူကနေ နောက်ထပ် Admin ထပ်ထည့်ပေးလို့တော့ ရပါတယ် Admin Roleက pageမှာ အဓိကလုပ်ပိုင်ခွင့်ရှိသူပါပဲ။pageတစ်ခုမှာ Admin တစ်ယောက်ထဲဖြစ်စရာတော့မလိုပါဘူး ။အနည်းဆုံးတော့ Admin နှစ်ယောက် ထားသင့်ပါတယ် ။တစ်ခုသတိထားရမှာက Admin ပေးထားတဲ့သူဟာ ကိုယ်ယုံကြည်စိတ်အချရဆုံးလူဖြစ်သင့်ပါတယ် အိမ်ကလူတစ်ယောက်ယောက် ၊ဒါမှမဟုတ် ကိုယ့်အကောင့်နောက်တစ်ခုပေါ့။အဲ့ဒါမှpage ဖွင့်ထားတဲ့အကောင့် တစ်ခုခုဖြစ်ခဲ့ရင် ပျက်တာပဲဖြစ်ဖြစ် ဟက်ခံရလို့ပဲဖြစ်ဖြစ် ဝင်လို့မရတော့ဘူးဆိုရင် Admin ပေးထားတဲ့နောက်တစ်ကောင့်ကနေ ပြန်ယူနိုင်မှာပါ။ အဲ့လိုဆို အကောင့်ပျက်သွားရင်တောင် pageကိုပြန်ရနိုင်ပါတယ် ။
          Page Admin ရဲ့လုပ်နိုင်တာတွေက
-page settingကိုပြောင်းလဲနိုင်ပါတယ်
ဘယ်သူ့ကိုတော့ Admin ပေးမယ် Editor ပေးမယ်ဆိုပြီး စီမံနိုင်ပါတယ်
-post တွေ တင်နိုင် ဖျက်နိုင်မယ်
-Message ‌ဖြေလို့ရမယ်
-Commentတွေreply နိုင်မယ် ဖျက်နိုင်မယ်
-မကြိုက်တဲ့သူကိုBanနိုင်တယ်
-ကြော်ငြာပြုလုပ်နိုင်မယ်
-View insightကြည့်နိုင်မယ်

*Editor
          Admin ပြီးရင် လုပ်ပိုင်ခွင့်အရှိဆုံးလူပါပဲ။ Page setting Page Roleတွေကို မပြောင်းနိုင်တာကလွဲရင် ကျန်တာ Admin နည်းတူ လုပ်ပိုင်ခွင့်ရှိပါတယ် သူက Admin ကိုထုတ်ပစ်လို့မရသလို တခြားသူတွေကိုလည်း Roleပေးတာမျိုး လုပ်လို့မရပါဘူး။ ကျန်တာတော့ Admin အတိုင်းအကုန်ရပါတယ်။

*Moderator
           သူကတော့ pageမှာ postတင်တာ ဖျက်တာတွေလုပ်လို့မရတော့ပါဘူး ။ကျန်တာတော့ Editorအတိုင်းပါပဲ။ Messageတွေ ဝင်ကြည့်တာ ပြန်တာတွေလုပ်လို့ရပါသေးတယ် commentတွေလည်း replyပြန်နိုင်ပါသေးတယ်။

*Advertiser
           သူကတော့ Message တွေလည်း ဖတ်လို့မရတော့သလို commentတွေလည်းreplyမရတော့ပါဘူး ။ကြော်ငြာဖန်တီးရုံ page အ‌ခြေနေ ကြည့်ရုံပဲရပါတယ် ။Page ကို Boost Service ပဲသီးသန့် အပ်ရုံဆိုရင်တော့ Advertiser Roleပဲပေးရင် ရပါပြီ။

*Analyst
         အားလုံးထဲ အနိမ့်ဆုံးပါပဲ ။ဘာမှသိပ်လုပ်လို့မရသလို ပေးတာလည်းနည်းပါတယ်။View Insight ကြည့်တာ Page Qualityကြည့်တာ page ကိုဘယ်သူတွေ shareသွားလဲ ကြည့်တာလောက်ပဲ ရပါမယ် ။

      ကိုယ့်page မှာ တစ်ယောက်ယောက်ကို roleတစ်ခုခုပေးချင်တယ်ဆိုရင် အရင်ဆုံး အဲ့လူနဲ့ friendဖြစ်နေရပါမယ်
ပြီးရင် page setting»»Edit page Role»»Add person to page»»အကောင့် passwordထည့် ပြီးရင် ကိုယ့်ထည့်ချင်တဲ့သူနာမည် ရိုက်ရှာပြီး ထည့်လိုက်ရုံပါပဲ ဟို ဘက်က acceptလုပ်ပြီးရင် တော့ကိုယ့် page ထဲကို သူရောက်သွားပါပြီ

အားလုံး အဆင်ပြေနိုင်ကြပါစေ
#y

Wednesday, 1 April 2020

Stay Home ရင်း ဘာလုပ်ကြမလဲ???

Stay Home ***
အခုတလော အများဆုံးကြားနေရတဲ့စကားလေးက အိမ်မှာနေပါ အိမ်ထဲမှာပဲနေပါဆိုတာလေးပါပဲ အခုလောက်ဆို တော်တော်များများလည်း အိမ်ထဲမှာပဲ နေနေလောက်ပါပြီ
ဒီတော့ အိမ်ထဲမှာနေပြီး ဘာလုပ်ကြမလဲ ???
အလုပ်လုပ်လိုက် အပြင်သွားလိုက်နဲ့ လည်ပါတ်နေတဲ့ဘဝကြီးက ရုတ်တရတ် အလုပ်လည်းပိတ် အပြင်ထွက်လည်ပါတ်စရာ ဆိုင်တွေနေရာတွေကလည်း ပိတ်ဆိုတော့ တစ်ရက်ကနှစ်ရက် နှစ်ရက်ကတစ်ပါတ် အိမ်ထဲမှာပဲနေနေရတဲ့အခါ အကျိုးရှိပြီး ပျော်ဖို့ကောင်း‌ အောင်ဘယ်လိုနေရမလဲ ဘာတွေလုပ်ကြမလဲ ဆိုတော့....
-သန့်ရှင်းရေး
ရုပ်ရှင်ကြည့်လိုက် စာအုပ်ဖတ်လိုပ် အိပ်လိုက်စားလိုက်နဲ့ဆိုတော့ အညာင်းမိလိမ့်မယ်နော် ဒီတော့ တစ်အိမ်လုံးကို အတွင်းကျကျသန့်ရှင်းရေးလေးလုပ်ရအောင် မီးဖို ချောင်တစ်ခုလုံး ဆေးချတာမျိုး ရှိသမျှ အိုးခွက်ပန်းကန်ဇွန်းတွေ ပိုးသေအောင်ရေနွေးနဲ့ပြုတ်ဆေးတာမျိုး အိမ်က ပစ္စည်းတွေ TV ဆိုဖာ စားပွဲ ရေခဲသေတ္တာ ဘီဒိုတွေ နေရာပြောင်းပြင်ဆင်တာမျိုး‌ တွေလုပ်လိုက်ပါ ပြီးရင် တစ်အိမ်လုံးက ခန်းစီးလိုက်ကာတွေ စားပွဲခင်းတွေ ဖြုတ်လျှော်အသစ်လဲတာမျိုး
ပြီးတော့မသုံးဖြစ်ဘဲပစ်ထားတဲ့ ပိုက်ဆံအိတ်တွေ ဖိနပ်တွေ ထုတ်ပြီးသန့်ရှင်းရေးလုပ်တာမျိုးပေါ့ အညောင်းလည်းပြေသလိုအိမ်လည်းသန့်ရှင်းပြီးသားဖြစ် ဆိုတော့အဆင်ပြေပါတယ်
-အကောင့်သန့်ရှင်းရေး
အိမ်သန့်ရှင်းရေးလုပ်သလိုမျိုး ကိုယ့်ရဲ့facebookအကောင့်ကိုလည်း သန့်ရှင်းဖို့ လိုအပ်ပါတယ်နော် friend listကို အရင်ဆုံးရှင်းမယ် မလိုအပ်တဲ့သူတွေ တစ်ချိန်လုံး အမုန်းပွားနေတဲ့သူတွေ အကောင့်ထဲကထုတ်ပစ်လိုက်ပါ ပြီးရင်တော့ အကောင့် setting ထဲက activity log ထဲဝင်ပြီး ရှင်းလိုက်ပါ အဲ့ဒီမှာ ကိုယ်က addပီးလက်မခံထားတဲ့သူတွေ ပီးတော့ ကိုယ် cmt ပေးခဲ့တာတွေ ကိုယ့်ကို tagတွဲထားတဲ့ postတွေ like လုပ်ထားတဲ့ pageတွေ facebookသုံးခဲ့တဲ့ တစ်လျှောက်လုံး ခုနှစ်အလိုက်အကုန်ရှိလို့ အဲ့ထဲဝင်ပြီးမလိုချင်တာတွေရှင်းထုတ်လို့ရပါတယ်နော်
-ဝါသနာပါတာတစ်ခုခုလေ့လာမယ်
ကိုယ်ဝါသနာတကယ်ပါတဲ့သက်မွေးဝမ်းကျောင်းတစ်ခုခုကိုလေ့လာပါ သိုးမွေးထိုးတာ စက်ချုပ်တာ ပန်းအလှပြင်တာ ကိတ်မုန့်လုပ်တာစတဲ့ ပညာရပ်တစ်ခုခုလေ့လာရင်းအချိန်ကုန်ပါ websiteတွေကနေလည်းပညာရေးနဲ့ပတ်သတ်တဲ့ course‌ တွေလေ့လာနိုင်ပါတယ်
လေ့လာသင်ယူလို့ကောင်းပြီး free ရတဲ့ websiteလေးတွေက
www.coursera.org
www edx.org
www.uopeode.edu
www skillshare.com စသဖြင့်အများကြီးရှိလို့ ရှာဖွေလေ့လာနို
င်ပါတယ်
-အချိန်ပေးပါ
အိမ်မှာသက်ကြီးရွယ်အိုတွေရှိရင် သူတို့အတွက်အချိန်ပေးပေးပါ အဖေနဲ့အမေကိုအချိန်ပေးပါ အဘိုးအဘွားတွေရှိသေးတယ်ဆိုရင် သင်ဟာအရမ်း‌ကံကောင်းတဲ့သူပါပဲ အခုရက်ထဲ သုတို့နဲ့အတူတူအချိန်ဖြုန်းပေးလိုက်ပါ သူတို့အနားမှာနေပြီး သူတို့ပြောတာလေးတွေစိတ်ရှည်ရှည်နားထောင်ပေးပါလက်သည်း‌ခြေသည်းညှပ်ပေးတာမျိုးလေးတွေလုပ်ပေးပါ ရှေးဟောင်းနှောင်းဖြစ်လေးတွေပြန်မေးပြီးနားထောင်ပေးပါ သူတို့တွေကအဲ့လိုလေးတွေပြောပြနေရရင်ပျော်နေတတ်ပါတယ် ပြီးတော့ Facebook အကောင့်ဖွင့်ပေးပြီးသုံးတတ်အောင်သင်ပေးတာမျိုး youtubeမှာတရား channelတွေ subscribedလုပ်ပေးထားပြီး ကြည့်တတ်အောင်သင်ပေးပါ ရှေးဟောင်းသီချင်းလေးတွေရှာပေးပါ
-ဖုန်းခေါ်ပါ
Ph contactထဲက မခေါ်ဖြစ်‌ တော့တဲ့ ဖုန်းနံပါတ်တွေအများကြီးရှိမှာပါ သူငယ်ချင်းမိတ်ဆွေဟောင်းတွေ အမျိုးတွေ ဆရာ ဆရာမတွေ သူတို့တွေစီဖုန်းခေါ်ပေးပါ သတိရကြောင်း ပြောပါ ဂရုစိုက်ဖို့ပြောပါ အခုချိန်မှာ ဂရုစိုက်နော်ဆိုတဲ့ စကားလုံးလေးက တန်ဖိုးရှိလွန်းပါတယ် ရလိုက်တဲ့သူအဖို့လည်း ပျော်ရွှင်ကျေနပ်စေမှာပါ အဲ့ဒါကြောင့် အားနေတဲ့အချိန်လေးမှာ ကိုယ့်မိတ်ဆွေအသိကျွမ်းတွေကို ဖုန်းခေါ်ပြီး ဂရုစိုက်ဦးနော်လို့ ပြောဖို့မမေ့ပါနဲ့နော် ရည်းစားဟောင်းတွေတော့မပါဘူးနော်
-အလှပအတွက် အချိန်ပေးပါ
Home quarantineလုပ်နေတဲ့အချိန် အိမ်မှာ စားလိုက် သောက်လိုက် အိပ်လိုက်နဲ့ အဝခံတော့မှာလား လုံးဝအဖြစ်မခံနဲ့နော် အချိန်ရနေတုန်းDiet plan ဝင်ပြီးကိုယ့်ဘာသာ စီစဉ်ချက်စားကြည့်ပါ Work out လည်း တစ်နေ့ နာရီဝက် 45မိနစ်လောက်အချိန်ပြီးလုပ်ပါ ရေခဲသေတ္တာထဲက အသီးရွက်တွေသုံးပြီး skin careဖို့လည်းမမေ့ပါနဲ့ နော်
အားလုံးပဲဒီကပ်ဆိုးကြီးပြီးတဲ့အချိန် အိမ်ပြင်ပြန်ထွက်ခွင့်ရတဲ့အခါ အရင်ကထက် ပိုလှ ပိုတော် ပိုလိမ်မာတဲ့ သူတစ်ယောက်ဖြစ်နေပါစေ 😍😍😍
#Y

Tuesday, 18 February 2020

ပြင်ဦးလွင်မှာ ချစ်သူနဲ့အတူတူသွားလို့အကောင်းဆုံးဆိုင်လေးတွေ♥️

♥️ပြင်ဦးလွင်မှာ ချစ်သူနဲ့အတူတူသွားလို့အကောင်းဆုံးဆိုင်လေးတွေ♥️
အချစ်ရဲ့လလို့သတ်မှတ်ကြတဲ့ဖေဖော်ဝါရီလလေးမှာ ချစ်သူနဲ့အတူတူ dateကြဖို့ ပြင်ဦးလွင်ကဆိုင်လှလှလေးတွေကို စုစည်းပေးထားပါတယ်
ပြင်ဦးလွင်မှာ ချစ်သူနဲ့အတူတူသွားဖို့ အတွက် romantic အဖြစ်ဆုံးဆိုင်လေးတွေက‌
💑 Hiromi coffee shop
💑The Club Terrace Food Lounge
💑ကန်သာယာ
💑My Coffee &Gallery Cafe
💑Bamboo Cafe &Restaurant
💑Cafe'MayMyo
💑December Farm
တစ်ပုံချင်းစီအောက်ဝင်ဖတ်သွားပေးနော် ပြီးတော့ အတူသွားချင်တဲ့ ချစ်သူလေးကိုလည်း mentionခဲ့ပါဦး ဘယ်ဆိုင်လေးတွေကိုရောက်ဖူးပြီးပြီလဲ ဆိုတာလည်းcomment ရေးခဲ့ပါ 



Hiromi
မေမြို့က အရမ်းချစ်ဖို့ကောင်းတဲ့ ဒီဂျပန်ကော်ဖီဆိုင်လေးကို တော်တော်များများတော့ သိပြီးသားဖြစ်မှာပါ သူ့ဆိုင်လေးကိုသွားတဲ့လမ်းကိုက အပင်လေးတွေနဲ့အုပ်စိုင်းပြီးသာယာလွန်းပါတယ်
ချစ်သူနဲ့ နှစ်ယောက်ထဲအေးအေး ဆေးဆေး coffee date ဖို့အတွက် ဒီဆိုင်လေးက အတော်မိုက်ပါတယ်နော် ကော်ဖီတင်မဟုတ်ဘဲဝိုင်လည်း ရပါ‌တယ် Hiromi ဂျပန်ဝိုင်ကလည်းပျင်းရှရှလေးနဲ့ အတော်မိုက်ပါတယ် စားစရာကတော့ ခေါက်ဆွဲပြုတ်ရယ် ပေါင်မုန့်မီးကင် အမျိုးမျိုးနဲ့ cake လောက်ပဲရတော့အစားတလိုင်းလေးတွေအတွက်တော့သိပ်အဆင်မပြေလောက်ပါဘူး
လူငယ်စုံတွဲလေး တွေအများဆုံးလာကြတဲ့ ဒီဆိုင်လေးကထိုင်လို့တော်တော်ကောင်းပြီး အတွဲလေးတွေအတွက်တော့ ro ဆန်လွန်းတဲ့ဆိုင်လေးပါပဲ
မြို့ထဲနဲ့ မဝေးပေမယ့် အေးချမ်းတိတ်ဆိတ်တဲ့ပါတ်ဝန်းကျင် ရှိပြီး ခြံဝန်းထဲမှာ mini garden လေးတွေ အပင်စိမ်းစိမ်းစိုစို လေးတွေနဲ့ ဓါတ်ဖမ်းလို့လှတဲ့နေရာလေး‌တွေလည်းအများကြီးရှိပါတယ် အချစ်နဲ့အတူသွားဖို့အတွက် တကယ်ကို ကဗျာဆန်လွန်းတဲ့ဆိုင်လေးတစ်ဆိုင်ပါ

လိပ်စာက အမှတ် ၅၅ အိမ်တော်လမ်း ဒေလီယာ အနီး







The Club Terrace Food Lounge
လေညှင်းသာလို့ အသိများကြတဲ့ ဒီဆိုင်လေးကတော့ တောအုပ်အသေးစားလေးလိုဖြစ်နေတဲ့ခြံဝန်းကြီးတစ်ခုထဲမှာပါ ကိုလိုနီခေတ်ကအိမ်နီနီကြီးရယ် အပင်တွေအများကြီးနဲ့ ခြံဝန်းကျယ်ကြီးရယ် တကျီကျီနဲ့ ငှက် အော်သံလေးတွေရယ်ကမေမြို့ရဲ့အရသာကိုအပြည့်အဝခံစားရစေပါတယ် သဘာဝကိုချစ်တတ်တဲ့သူတွေတော့ တော်တော်သဘောကျမယ့် ဆိုင်လေးတစ်ဆိုင်ပါပဲ
အပြင်ဘက်ထီးအမိုး ဖြူဖြူလေး‌တွေအောက်က ဝိုင်းမှာပဲထိုင်ထိုင် ရှေးဟောင်းပန်းချီကားတွေအများကြီးနဲ့ကိုလိုခေတ်ကအငွေ့သက်တွေမပျောက်ပျက်အောင်ဖန်တီးထားတဲ့ အိမ်အတွင်းထဲက ဝိုင်းမှာပဲထိုင်ထိုင် အချစ်နဲ့သာဆို အိမ်ပြန်ချင်တော့မှာတောင်မဟုတ်ပါဘူး‌ နော် ဆိုင်အပြင်ဆင်လေးတင်မကဘဲ အစားအသောက်ကလည်းပြောစရာမလိုလောက်အောင်အဆင်ပြေတဲ့ဆိုင်လေးဆိုတော့ အစားတလိုင်းချစ်သူလေးဆိုသေချာပေါက်အကြိုက်တွေ့မှာပါ
Candle light လေးနဲ့ ညစာ အတူစားရင်း ဝိုင်အနီလေးတစ်ယောက်တစ်ခွက်သောက်ရင်း အမှတ်တရ အချိန်လေးတွေ အတူဖန်တီးဖို့ မေမြို့ကအကောင်းဆုံးနေရာလေးတစ်ခုပါ

လိပ်စာက အမှတ် ၂၅ ဂေါက်ကလပ်လမ်း ပြင်ဦးလွင်

ကန်သာယာ
နာမည်နဲ့လိုက်အောင် သာယာတဲ့ ရေကန်ပေါ်ကဆိုင်လေးပါ အတွင်းကhallထဲမှာလည်းထိုင်လို့ရပေမယ့်ချစ်သူနဲ့ဆိုရင်တော့ ရေပေါ်က သီးသန့်ဝိုင်းလေးထဲမှာ ထိုင်တာပိုအဆင်ပြေပါတယ် ဖိနပ်ချွတ်ပြီး အခင်းလေးတွေနဲ့အောက်မှာထိုင်ရတာဖြစ်လို့ သက်တောင့်သက်သာထိုင်လို့ ကောင်းမယ့်အဝတ်စား‌နဲ့မှအဆင်ပြေမှာပါ သိပ်ဟိတ်ဟန်တွေလုပ်စရာမလိုဘဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးလေး စားသောက်ဖို့ချိန်းလို့ကောင်းတဲ့ဆိုင်လေးပါ ဟင်းပွဲမျိုးစုံရပြီး သောက်စရာလည်း cocktailအစုံရပါတယ်
ဆိုင်လေးကကျယ်ကျယ်ဝန်းဝန်းရှိပြီး အပြင်အဆင်လေးကလည်းလှ သာသာယာယာ လေးနဲ့ ဆိုတော့ ချစ်သူနဲ့အတူတူ ကြည်နူးလို့ကောင်းတဲ့နေရာလေးတစ်ခုပါပဲ

လိပ်စာက ကန်တော်လေး ကန်ဘောင်ဘေး




My Coffee
မြို့ထဲနဲ့နည်းနည်းလေးတော့လှမ်းပေမယ့်လည်း ချစ်သူနဲ့အတူသွားသင့်တဲ့ဆိုင်လေးတွေထဲကတစ်ခုပါပဲ အချစ်နဲ့အတူတူဆို ဝေးလေကောင်းလေပေါ့‌
မြို့ပြရဲ့အဝေးတစ်နေ‌ရာ မှာ ရှုခင်းအတော်လှပါတယ် အပေါ်ထပ်အောက်ထပ်ရှိပေမဲ့ အပေါ်ထပ်မှာထိုင်တာကပိုမိုက်ပါတယ် နေမဝင်ခင်လေးချစ်သူနဲ့အတူတူသွားပြီး နေဝင်ချိန်တွေအတူငေးရင်း roလို့ကောင်းတဲ့နေရာလေးပါ ဒါပေမဲ့ ရှုခင်းတွေအရမ်းလှတာဆို‌‌ တော့ပုံရိုက်တာဝါသနာပါတဲ့ချစ်သူဆိုရင် ဓါတ်ဖမ်းပေးနေရတာနဲ့တင် နေဝင်တာတောင်သိလိုက်မှာမဟုတ်ပါဘူး
အစားအသောက်ကလည်းအစုံရပြီးပင်လယ်စာဗန်းတွေ အကင်ဗန်းတွေလည်းရပါတယ် မေမြို့ကော်ဖီစစ်စစ်‌လေးလည်းအရမ်း‌ ကောင်းပါတယ် မြို့ပြရဲ့အဝေးတစ်‌နေရာမှာဆိုတော့ ရှုခင်းတွေကငေးလို့မဝ အောင်ကို လှတာပါနော် အချိန်ရရင်တော့ ညအထိနေပြီး ကြယ်လေးတွေအတူတူရေလို့ရပါသေးတယ်
လိပ်စာက Pyinoolwin Centerဘေးလမ်း ရေချမ်းအိုး




Bamboo
ကန်တော်ကြီးထဲမှာဖွင့်ထားတဲ့ဆိုင်လေးပါ ကန်တော်ကြီးပိတ်ချိန်တိုင်းပိတ်တာမဟုတ်ဘဲ ည9နာရီထိဖွင့်ပေးထားပါတယ် ဆိုင်အပြင်အဆင်အတော်လှတဲ့ဆိုင်လေးပါ ကန်တော်ကြီးထဲချစ်သူနဲ့လျှောက်လည်ပြီးရင် ဝင်ထိုင်အနားယူသင့်တဲ့ဆိုင်လေးပါ ဒါမှမဟုတ်လည်းညနေစောင်းလေးမှချစ်သူနဲ့အတူသွားပြီးမှန်နားက ဝိုင်းလေးမှာထိုင် ကော်ဖီလေးသောက်စကားလေးပြောရင်း ကန်တော်ကြီးရဲ့အလှကို ခံစားငေးမောလို့ရပါတယ်
ညအထိဖွင့်တဲ့ဆိုင်လေးဖြစ်လို့ night outလည်းထွက်ချင်တယ် ရှုပ်တဲ့နေရာတွေလည်းမသွားချင်ဘူး ဆိုရင်တော့ ဒီဆိုင်လေးကအတော်အဆင်ပြေပါတယ်နော်

လိပ်စာက ပြင်ဦးလွင် ကန်တော်ကြီ



Cafe'MayMyo
ကော်ဖီအရမ်းကောင်းတဲ့ဆိုင်လေးပါ မသောက်တတ်တဲ့ကောင်မလေးနဲ့ ညဘက် dateချင်တယ်ဆိုရင်တော့ဒီဆိုင်လေးကိုသာရွေးလိုက်ပါ ကော်ဖီ ဒိန်ချဉ် နဲ့အအေးမျိုးစုံ မုန့်မျိုးစုံရပါတယ် သီချင်းတိုးတိုးလေးရယ် ချစ်စရာကောင်းတဲ့ဆိုင်အပြင်ဆင်လေးရယ် တကယ်ကို romanticဖြစ်ပြီး ချစ်သူနဲ့အတူတူသွားလို့ကောင်းတဲ့နေရာလေးပါ
မေမြို့ကော်ဖီစစ်စစ်လေးကိုအထာကျကျသောက်ရင်း ချောကလက်ကိတ်လေးအတူတူစားရင်းဝါသနာပါရင်တော့ စာအုပ်တစ်အုပ်ကိုလည်းအတူတူဖတ်လို့ရပါသေးတယ်နော် ကဗျာဆန်ဆန်နေတတ်တဲ့ချစ်သူလေးကို ခေါ်သွားသင့်တဲ့ နေရာလေးတစ်ခုပါ

လိပ်စာက ရ က က 4 ခဲလည်ကျောင်းလမ်း

December Farm
မြို့အထွက် December စားသောက်ဆိုင်ကိုတော့အကုန်လုံးသိပြီးသားဖြစ်မှာပါ ဒီနေရာလေးကတော့ အဲ့စားသောက်ဆိုင်ကနေမှ အထဲထပ်ဝင်ရပါသေးတယ် ဒီဇင်ဘာရေတံခွန်နဲ့ ပန်းခြံလေးပါ စားသောက်ဆိုင်လည်း ရှိနေပါပြီ
မြို့ထဲနဲ့တော့နည်းနည်းဝေးပြီးလည်စရာနေရာတွေလည်းများတော့ နေ့တစ်ဝက်လောက်အချိန်ရတယ်ဆိုသွားသင့်ပါတယ်
မြို့ထဲကနေ လားရှိုးလမ်းမအတိုင်းမသွားဘဲ မြို့ရှောင်လမ်းဘက်က သွားတာပိုမိုက်ပါတယ် လမ်းလည်း သိပ်မရှုပ်ဘဲ မြို့ရှောင်လမ်းကရှုခင်းလေးတွေလည်းငေးသွားလို့ရတယ်
အထဲမှာစားသောက်ဆိုင်ရှိပေမယ့် စား‌စရာကတော့အပေါ်ဆိုင်လောက်မစုံသေးပါဘူးလည်စရာနေရာတွေကတော့ တော်တော်စုံစုံရှိပြီးပန်းလေးတွေလည်းအရမ်းလှပါတယ်။ စက်ဘီးစီးမလား လှေလှော်ကြမလား ရွက်ဖျင်တဲလေးထဲမှာပဲအနားယူမလား ရေထဲဆင်းဆော့မလား နေရာတွေစုံလွန်းပြီး ချစ်သူနဲ့အချိန်ဖြုန်းဖို့အကောင်းဆုံးနေရာလေးပါ
တောင်တန်းတွေရယ် ရေတံခွန်ရယ် ပန်းခင်းတွေရယ်နဲ့ မေမြို့ရဲ့ အရသာကိုလည်း အပြည့်အဝခံစားရစေတယ် ချစ်သူနဲ့တစ်ခေါက်လောက်တော့ရောက်အောင်သွားကြည့်သင့်တဲ့နေရာလေးပါပဲ 

မေမြို့က ထူထူခြားခြားတည်းခိုစရာနေရာလေးများ 🏡🏡🏡

ပြင်ဦးလွင်ရောက်တဲ့အခါ ပုံမှန်သမာရိုးကျHotelတွေမတည်းချင်ဘဲ ထူးထူးဆန်းဆန်းနဲ့ကဗျာဆန်ဆန်လေးနေချင်ကြတဲ့လူငယ်‌ တွေအတွက် .... #Htoongelayvilla #Te...