ပြင်ဦးလွင်ရောက်တဲ့အခါ ပုံမှန်သမာရိုးကျHotelတွေမတည်းချင်ဘဲ ထူးထူးဆန်းဆန်းနဲ့ကဗျာဆန်ဆန်လေးနေချင်ကြတဲ့လူငယ် တွေအတွက် ....
#Htoongelayvilla
#TeaStory
#AggaTinnyHouse
🏡Htoongelay Villa 🏡
ပြင်ဦးလွင်မိုးကုတ်လမ်းဘေးက ရွာလေးတစ်ရွာမှာရှိပါတယ် ဟိုတယ်တော့မဟုတ်ပါဘူးနော်
အရမ်းချစ်ဖို့ကောင်းတဲ့အိမ်လေးတစ်လုံးပဲရှိပါတယ်
မြို့ထဲနဲ့ဝေးတဲ့အတွက် အရမ်းကိုတိတ်ဆိတ်အေးချမ်းပြီး ကဗျာဆန်လွန်းတဲ့နေရာလေးပါ
နားအေးပါးအေးနေချင်တဲ့သူတွေ ထူးခြားတဲ့နေရာလေးတွေမှာပုံရိုက်ချင်တဲ့သူတွေ အတွက်နေရာကောင်းလေးတစ်ခုပါ ပန်းပွင့်တဲ့အချိန်ဆိုရင်တော့ လီလီပန်းခင်းကြီးရှိပါတယ် အိမ်အသေးလေးပဲဖြစ်လို့နှစ်ယောက် အလွန်ဆုံးသုံးယောက်ပဲနေလို့ရပါမယ် အိမ်လေးထဲမှာ ရေခဲရေခဲသေတ္တာ ရေနွေးအိုးနဲ့ ပန်းကန်ခွက်လေးတွေရှိပါတယ် ရေပူရေအေးရပီး ဘိုထိုင်လည်းရှိပါတယ်နော် Hotelမဟုတ်လို့ အစားအသောက်တော့မရနိုင်သေးပါဘူး မြို့ထဲကစားသောက်စရာတွေဝယ်သွားမှအဆင်ပြေပါလိမ့်မယ်deliveryနဲ့တော့မှာစားလို့ရပါတယ်
အိမ်လေးတစ်လုံးပဲရှိတာ ကြောင့်ကြို booking လုပ်ထားဖို့လိုပါတယ်နော်
🍀Tea Story🍀
ကန်တော်ကြီးနား ကန်ပါတ်လမ်း က Tent house လေးပါ
ပုံပြင်လေးတစ်ပုဒ်ထဲရောက်သွားသလိုခံစား ရစေမှာပါ လက်ဖက်ခင်းတွေ ကော်ဖီပင်တွေအုံ့ အုံ့စိုင်းစိုင်းနဲ့ သာယာလွန်းတဲ့နေရာလေးတစ်ခုပါ
သဘာကိုချစ်မြတ်နိုးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဝါးပင်လေးတွေ သက်ကယ်တွေ အုန်းမို့ခွက်လေးတွေ နဲ့ အသေးအဖွဲလေးတွေကအစ သဘာဝဆန်ဆန်လေးဖန်တီးပြင်ဆင်ထားတဲ့နေရာလေးပါ Tent လေးပေမယ့်အမိုက်စားလေးပြင်ဆင်ထားပါတယ်
နှစ်ယောက်အိပ် tent 5လုံးနဲ့ အဖွဲ့လိုက်လာလည်ချင်တဲ့သူတွေအတွက် tent အကြီးကြီးတစ်လုံးလည်းရှိပါတယ်
မြို့ပြကိုငြီးငွေ့နေတဲ့သူတွေအတွက် Tent လေးထဲညအိပ်ပြီးမနက်လင်းလာရင် လက်ဖက်ခင်းတွေကြားကော်ဖီပင်တွေနား မနက်စာစား ကောာ်ဖီသောက်ရင်းမေမြို့ရဲ့ သဘာဝအရသာကိုအပြည့်အဝခံစားနိုင်ပါတယ် ဝါးခုံတန်းလေးတွေ တံတားလေးတွေနဲ့ ပုံရိုက်စရာနေရာလှလှလေးတွေလည်း အများကြီးလုပ်ပေးထားပါသေးတယ်
🏜️Agga Tinny House🏜️
ဒါလေးကတော့ ချစ်ဖို့ကောင်းတဲ့အိမ်သေးသေးလေးတွေ ရောင်စုံရှိပါတယ် အိမ်သေးသေးလေးရဲ့ထပ်ခိုးနိမ့်နိမ့်လေးမှာ အိပ်ရတဲ့ခံစားချက်က တကယ့်ကိုအသစ်ဖြစ်နေမှာပါ သေးလွန်းတဲ့အိမ်လေးတွေဖြစ်ပေမယ့် အထဲမှာတော့အစုံရှိပါတယ်နော် ဆိုဖာခုံလေးရော ရေခဲသေတ္တာအသေးလေးရော ရေချိုးခန်းအိမ်သာရော
ကျဉ်းကျဉ်းသေးသေးလေးမှာ ချစ်ဖို့ကောင်းအောင်ပြင်ဆင်ထားတာလေးက နေရာတိုင်းဓါတ်ပုံရိုက်ချင်စရာလေးတွေပါပဲ အားသာချက်လေးကမြို့ထဲနဲ့တော်တော်နီးတာနဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေခေါ်ခွင့်ပြုထားတာပါပဲ နောက်ပြီးစက်ဘီးလေးတွေလည်းfreeငှားပေးပါသေးတယ်တဲ့နော်
ပြင်ဦးလွင်ရောက်တဲ့အခါ လူငယ်ငယ်တွေပဲလည်းဖြစ်တယ် အသစ်အဆန်းလေးတွေလည်းစိတ်ဝင်စားတယ် ပုံရိုက်ရတာလည်းဝါသနာပါတယ်ဆိုရင် ဒီနေရာ လေးသုံးခုကသွားတည်းလို့အဆင် ေပြ ပါလိမ့်မယ်နော်
PyinOoLwin Travel