Sunday, 17 May 2020

စာအုပ်ပေါင်း တစ်သောင်းငါးထောင်ကျော် ရှိတဲ့ ပြင်ဦးလွင်က စာကြည့်တိုက်နဲ့ ကော်ဖီဆိုင်လေး Anisakhan library


 
စာအုပ်ပေါင်း တစ်သောင်းငါးထောင်ကျော်ရှိတဲ့ ပြင်ဦးလွင်က စာကြည့်တိုက်နဲ့ ကော်ဖီဆိုင်လေး 

Anisakhan Library
2012က စတင်ဖွင့်လှစ်ခဲ့သည့် အနီးစခန်းက ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေးက ခုချိန်မှာတော့ စာအုပ်ပေါင်းစုံစုံလင်လင်၊ ပန်းခြံ ကစားကွင်း တို့နဲ့ အပန်းဖြေစရာနေရာငယ်လေးတစ်ခုဖြစ်နေပါပြီ။

စာကြည့်တိုက်ရေရှည်ရပ်တည်နိုင်အောင် ရန်ပုံငွေ ရရှိဖို့အတွက်‌ ဈေးချိုတဲ့ ကော်ဖီဆိုင်လေးပါတွဲဖွင့်ထားပြီး အဆာပြေမုန့်လေးတွေလည်းရရှိနိုင်ပါတယ်။ ရန်ပုံငွေ ကော်ဖီဆိုင်လေးအတွက် ကော်ဖီစေ့နဲ့ လိုတာလေးတွေကို ပန်းတော်ဝင်နဲ့ စည်သာ ကော်ဖီဆိုင်က လှူဒါန်းထားတယ်လို့ သိရပါတယ်။ ကော်ဖီကောင်းကောင်းသောက်ချင်ပြီး အေးချမ်းချမ်းစာထိုင်ဖတ်ချင်တဲ့သူတွေအတွက်တော့ အကောင်းဆုံးနေရာလေးတစ်ခုပါပဲ။



ကလေးတွေအတွက် ပန်းခြံ ကစားကွင်း ဘောလုံးကွင်းတွေလည်းလုပ်ပေးထားပါသေးတယ် ။

စာအုပ်တွေက ပုံပြင်၊ကာတွန်းရုပ်ပြကနေစပြီး Eng ဝထ္တု၊ ဘာသာပြန်၊ဗုဒ္ဓစာပေ၊ ဂန္ဓာဝင်စာပေ၊အောင်မြင်ရေး၊ တက်ကျမ်း၊ ဂျာနယ် မဂ္ဂဇင်း ၊အချစ်ဝထ္တု သုတ ရသ စာပေအမျိုးစားတော်တော်စုံအောင်ရှိလို့ စာဖတ်ဝါသနာပါတဲ့သူအတွက်တော့ မပြန်ချင်တော့မယ့်နေရာလေးတစ်ခုပါပဲ။




အေးအေးဆေးဆေးစာထိုင်ဖတ်စရာ နေရာလေးတွေလည်းလုပ်ထားပေးလို့ စာကြည့်တိုက်မှာပဲ ကော်ဖီသောက် မုန့်စားရင်းစာထိုင်ဖတ်ချင်လည်းရသလိုအိမ်ငှားသွားချင်လည်း ကဒ်လုပ်ထားပြီး အခမဲ့ ငှားရမ်းဖတ်ရှုလို့ရပါတယ်။

စာကြည့်တိုက်ဖွင့်ချိန်က ပုံမှန် မနက်9နာရီကနေ ညနေ 5နာရီထိဖြစ်ပြီး ခုတော့ ပိတ်ထားပါသေးတယ်နော် ။မကြာခင်ပြန်ဖွင့်တော့မယ်လို့တော့သိရပါတယ် ။

လိပ်စာက ပြင်ဦးလွင်အနီးစခန်း နှီးဘုရားလမ်း နှီးဘုရားမုဒ်ဦးရှိတဲ့လမ်းတည့်တည့်ပါ ။ သွားဖြစ်ခဲ့ရင် အိမ်မှာ ပိုနေတဲ့စာအုပ်လေးတွေရှိလည်း ယူသွားပြီးလှူန်းဒါန်းနိုင်ပါတယ်။



Friday, 8 May 2020

ပြင်ဥ◌ီးလွင်မြို့ကမိုးကြိုပန်းခေါ် မိုးဆမ်းပန်းလေးတွေ အကြောင်း

ပြင်ဦးလွင်ဆိုတာပန်းမြို့တော်လို့တင်စားကြရလောက်အောင် ရာသီပေါ်ပန်းလေးတွေ အမျိုးစုံ အရောင်စုံ သူ့အချိန်နဲ့ သူအရမ်းလှကြပါတယ် ။
အခုတော့ မိုးဆမ်းပန်းခေါ် မိုးကြိုပန်းလေးတွေအလေ့ကျ ပွင့်တဲ့ရာသီ ဖြစ်လို့ ဖတ်မိသလောက် မိုးကြို‌ပန်းအကြောင်းလေးတွေဖော်ပြပေးလိုက်ပါတယ်နော်။
မိုးကြိုပန်း Crocus
Family -Lridaceae
Genus -Crocus
မြန်မာလိုရော အင်္ဂလိပ်လို‌‌ ရောနာမည်တွေအများကြီးပိုင်‌ဆိုင်တဲ့ပန်းလေးပါ ။Crocus,Fairy Lily,Autumn Zephyr Lily, Magic Lily, Rain Lily ,Crocus Lily
မြန်မာလိုတော့ မိုးကြိုပန်း၊ မိုးသောက်ပန်း၊ မိုးဆမ်းပန်း၊နှင်းပန်း၊ခတ္တာပန်း၊လေးကျွန်းကြာခိုင်၊ပန်းမိုရွာ၊တပင်ရွှေထီး၊ပန်းကျည်တောက်၊နောက်ပြီး ကဝ်းခမ်းလော့ ချင်းလိုကျ ခါခွန်းပါ နာမည်အမျိူမျိုးရှိပီး အခေါ်ဝေါ်တွေ တစ်နေရာနဲ့တစ်နေရာမတူဘူးလို့ကြားဖူးပါတယ်။
တကူးတကရေလောင်းပေါင်းသင်ပြီးစိုက်စရာမလိုတဲ့ အကြမ်းလည်းခံပြီး အလေ့ကျပေါက်တဲ့ပန်းအမျိုးစားလေးပါ။
နေရာဒေသမရွေးမျိုးဥကြဲပြီးလည်းစိုက်လို့ရပေမယ့် အများအားဖြင့် စိုစွတ်တဲ့တောင်ပေါ်ဒေသတွေမှာ ပိုပေါပါတယ်။
မြန်မာနိုင်ငံရဲ့ အအေးပိုင်းဒေသ တောင်ပေါ်ဒေသတွေမှာ လမ်းဘေးဝဲယာမှာ အများဆုံးတွေ့ရတတ်ပါတယ် ။ပြင်ဦးလွင်၊ တောင်ကြီး ၊ကလော၊ အောင်ပန်း ၊ ရှမ်းမြောက် ကွတ်ခိုင် ၊လွိုင်ဆမ်ဆစ်၊မူဆယ်လမ်း၊ လားရှိုးတက္ကသိုလ်အနီး၊ နမ္မတူဂေါက်ကွင်းစတဲ့နေရာတွေမှာပန်းခင်းတွေ ရှိတတ်တယ်လို့သိရပါတယ်။ တောင်ပေါ်မြေပြန့် ဘယ်နေရာမဆို စိုက်ပျိုးနိုင်ပြီးစိုက်ရတာမခက်သလို ရှင်သန်ဖို့လည်းလွယ်ကူတဲ့ ပန်းလေးပါ။ မြေဩဇာမလိုဘဲ ရေအမှုံလေးတွေဖျန်းပေးရင်တော့ပိုကောင်းပါတယ်။
ရာသီပန်းလေးတွေဖြစ်လို့ ပန်းမပွင့်တဲ့ရာသီဆိုရင်တော့ ရိုးရိုးသာမန် ပေါင်းမြတ်ပင်တွေလိုပါပဲ။
နွေအကုန် မိုးအကူး ဖက်စွတ်မိုးရွာပြီးခါစအချိန်လေးက သူ့ရာသီပါပဲ ။မိုးကိုကြိုတဲ့ပန်းလေးတွေမို့ မိုးကြိုပန်းလို့တင်စား‌‌ ခေါ်ဆိုကြပါတယ် ။အဲ့ပန်းလေးတွေပွင့်ပြီဆို ဒေသခံတွေက ပျော်ရွှင်ကြပြီး ကံကောင်းခြင်းတွေသယ်ဆောင်ပေးတဲ့ပန်း၊အေးချမ်းတဲ့နမိတ်ဆောင်တဲ့ပန်းလို့ လည်းပြောကြပါတယ် ။
အရောင်က ပန်းရောင်၊ အဝါ အဖြူ ရှိပီးမေမြို့မှာတော့ အများဆုံးကပန်းရောင်လေးတွေပါ ။
ပြင်ဦးလွင် လမ်းဘေးဝဲယာတွေမှာ ကြိုးတိုးကျဲတဲ ပေါက်ပြီး တချို့ ခြံဝင်းတွေ တော်တော်များများမှာတော့ပန်းခင်းလိုက်ရှိတတ်ပါတယ် ။
မေမြို့ရဲ့ ရှေးခေတ် ကိုလိုနီအဆောက်ဦးတွေရှိတဲ့ ခြံတွေထဲမှာတော့ အဲ့ပန်းလေးတွေပွင့်တဲ့ရာသီဆို နောက်ခံအိမ်ကြီးတွေနဲ့ ပန်းခင်းရဲ့ မြင်ကွင်းကပန်းချီကားတွေထက်ကိုပိုလှပြီး ကဗျာဆန်လွန်းပါတယ် ။
ကြာကြာမခံဘဲအချိန်ခဏလေးပဲတွေ့ရတတ်တာကလည်း သူ့ရဲ့တန်ဖိုးတစ်ခုပါပဲ။
မိုးအရမ်းရွာရင်လည်းမရှိတော့သလို နေတအားပူလာလည်းမရှိတော့ပါဘူး ။အကြာကြီးမခံပေမယ့် သူ့ပွင့်တဲ့အချိန်ခဏလေးမှာတော့ အရမ်းကို တာ‌ဝန်ကျေအောင်လှပေးကြပါတယ်။
"ပင်မြင့်စံပန်းတွေလို
အမြင့်မှာ မတင့်တယ်ရဘူး
စင်မြင့်စံပန်းတွေလို
မင်္ဂလာပွဲတွေမှာ အသုံးတော်မခံရ
ပင်စည်မားမားနဲ့မိခင်အပင်မှာ
မခိုလှုံရရှာ
ဆူးခက်ဝေတဲ့ နှင်းဆီလိုလည်း
မာန မဝေရရှာဘူး
မြေနိမ့်မှာ စံမြန်း
သူ့သက်တမ်းတိုပေမယ့်
ပန်းဆီရောင် ဝေဝေဆာဆာနဲ့
သူ့ဟန်ပန်မာနကင်းတယ်
ရှင်ရတုန်းတခဏမှာ
ကမ္ဘာမြေအတွက်
သူ့အရည်ချင်းရှိသလောက်
အလှဆုံး ပွင့်ဖူးပေးခဲ့ပါသော
မိုးကြိုသည့် ဒီပန်း "
မိုးကြိုပန်းနဲ့ပါတ်သတ်ပြီးဖတ်ဖူးတဲ့ Hlaing Su Yin ရဲ့ ကဗျာလေး
ပွင့်တဲ့အချိန်ခဏလေးမှာ တောင်ပေါ်မြို့လေးတွေကို အကောင်းဆုံးအလှဆင်ပေးတဲ့ ချစ်ဖို့ကောင်းတဲ့ မိုးကြိုပန်းလေးတွေပါ ...
Photo credit

မေမြို့က ထူထူခြားခြားတည်းခိုစရာနေရာလေးများ 🏡🏡🏡

ပြင်ဦးလွင်ရောက်တဲ့အခါ ပုံမှန်သမာရိုးကျHotelတွေမတည်းချင်ဘဲ ထူးထူးဆန်းဆန်းနဲ့ကဗျာဆန်ဆန်လေးနေချင်ကြတဲ့လူငယ်‌ တွေအတွက် .... #Htoongelayvilla #Te...