Tuesday, 18 February 2020

ပြင်ဦးလွင်မှာ ချစ်သူနဲ့အတူတူသွားလို့အကောင်းဆုံးဆိုင်လေးတွေ♥️

♥️ပြင်ဦးလွင်မှာ ချစ်သူနဲ့အတူတူသွားလို့အကောင်းဆုံးဆိုင်လေးတွေ♥️
အချစ်ရဲ့လလို့သတ်မှတ်ကြတဲ့ဖေဖော်ဝါရီလလေးမှာ ချစ်သူနဲ့အတူတူ dateကြဖို့ ပြင်ဦးလွင်ကဆိုင်လှလှလေးတွေကို စုစည်းပေးထားပါတယ်
ပြင်ဦးလွင်မှာ ချစ်သူနဲ့အတူတူသွားဖို့ အတွက် romantic အဖြစ်ဆုံးဆိုင်လေးတွေက‌
💑 Hiromi coffee shop
💑The Club Terrace Food Lounge
💑ကန်သာယာ
💑My Coffee &Gallery Cafe
💑Bamboo Cafe &Restaurant
💑Cafe'MayMyo
💑December Farm
တစ်ပုံချင်းစီအောက်ဝင်ဖတ်သွားပေးနော် ပြီးတော့ အတူသွားချင်တဲ့ ချစ်သူလေးကိုလည်း mentionခဲ့ပါဦး ဘယ်ဆိုင်လေးတွေကိုရောက်ဖူးပြီးပြီလဲ ဆိုတာလည်းcomment ရေးခဲ့ပါ 



Hiromi
မေမြို့က အရမ်းချစ်ဖို့ကောင်းတဲ့ ဒီဂျပန်ကော်ဖီဆိုင်လေးကို တော်တော်များများတော့ သိပြီးသားဖြစ်မှာပါ သူ့ဆိုင်လေးကိုသွားတဲ့လမ်းကိုက အပင်လေးတွေနဲ့အုပ်စိုင်းပြီးသာယာလွန်းပါတယ်
ချစ်သူနဲ့ နှစ်ယောက်ထဲအေးအေး ဆေးဆေး coffee date ဖို့အတွက် ဒီဆိုင်လေးက အတော်မိုက်ပါတယ်နော် ကော်ဖီတင်မဟုတ်ဘဲဝိုင်လည်း ရပါ‌တယ် Hiromi ဂျပန်ဝိုင်ကလည်းပျင်းရှရှလေးနဲ့ အတော်မိုက်ပါတယ် စားစရာကတော့ ခေါက်ဆွဲပြုတ်ရယ် ပေါင်မုန့်မီးကင် အမျိုးမျိုးနဲ့ cake လောက်ပဲရတော့အစားတလိုင်းလေးတွေအတွက်တော့သိပ်အဆင်မပြေလောက်ပါဘူး
လူငယ်စုံတွဲလေး တွေအများဆုံးလာကြတဲ့ ဒီဆိုင်လေးကထိုင်လို့တော်တော်ကောင်းပြီး အတွဲလေးတွေအတွက်တော့ ro ဆန်လွန်းတဲ့ဆိုင်လေးပါပဲ
မြို့ထဲနဲ့ မဝေးပေမယ့် အေးချမ်းတိတ်ဆိတ်တဲ့ပါတ်ဝန်းကျင် ရှိပြီး ခြံဝန်းထဲမှာ mini garden လေးတွေ အပင်စိမ်းစိမ်းစိုစို လေးတွေနဲ့ ဓါတ်ဖမ်းလို့လှတဲ့နေရာလေး‌တွေလည်းအများကြီးရှိပါတယ် အချစ်နဲ့အတူသွားဖို့အတွက် တကယ်ကို ကဗျာဆန်လွန်းတဲ့ဆိုင်လေးတစ်ဆိုင်ပါ

လိပ်စာက အမှတ် ၅၅ အိမ်တော်လမ်း ဒေလီယာ အနီး







The Club Terrace Food Lounge
လေညှင်းသာလို့ အသိများကြတဲ့ ဒီဆိုင်လေးကတော့ တောအုပ်အသေးစားလေးလိုဖြစ်နေတဲ့ခြံဝန်းကြီးတစ်ခုထဲမှာပါ ကိုလိုနီခေတ်ကအိမ်နီနီကြီးရယ် အပင်တွေအများကြီးနဲ့ ခြံဝန်းကျယ်ကြီးရယ် တကျီကျီနဲ့ ငှက် အော်သံလေးတွေရယ်ကမေမြို့ရဲ့အရသာကိုအပြည့်အဝခံစားရစေပါတယ် သဘာဝကိုချစ်တတ်တဲ့သူတွေတော့ တော်တော်သဘောကျမယ့် ဆိုင်လေးတစ်ဆိုင်ပါပဲ
အပြင်ဘက်ထီးအမိုး ဖြူဖြူလေး‌တွေအောက်က ဝိုင်းမှာပဲထိုင်ထိုင် ရှေးဟောင်းပန်းချီကားတွေအများကြီးနဲ့ကိုလိုခေတ်ကအငွေ့သက်တွေမပျောက်ပျက်အောင်ဖန်တီးထားတဲ့ အိမ်အတွင်းထဲက ဝိုင်းမှာပဲထိုင်ထိုင် အချစ်နဲ့သာဆို အိမ်ပြန်ချင်တော့မှာတောင်မဟုတ်ပါဘူး‌ နော် ဆိုင်အပြင်ဆင်လေးတင်မကဘဲ အစားအသောက်ကလည်းပြောစရာမလိုလောက်အောင်အဆင်ပြေတဲ့ဆိုင်လေးဆိုတော့ အစားတလိုင်းချစ်သူလေးဆိုသေချာပေါက်အကြိုက်တွေ့မှာပါ
Candle light လေးနဲ့ ညစာ အတူစားရင်း ဝိုင်အနီလေးတစ်ယောက်တစ်ခွက်သောက်ရင်း အမှတ်တရ အချိန်လေးတွေ အတူဖန်တီးဖို့ မေမြို့ကအကောင်းဆုံးနေရာလေးတစ်ခုပါ

လိပ်စာက အမှတ် ၂၅ ဂေါက်ကလပ်လမ်း ပြင်ဦးလွင်

ကန်သာယာ
နာမည်နဲ့လိုက်အောင် သာယာတဲ့ ရေကန်ပေါ်ကဆိုင်လေးပါ အတွင်းကhallထဲမှာလည်းထိုင်လို့ရပေမယ့်ချစ်သူနဲ့ဆိုရင်တော့ ရေပေါ်က သီးသန့်ဝိုင်းလေးထဲမှာ ထိုင်တာပိုအဆင်ပြေပါတယ် ဖိနပ်ချွတ်ပြီး အခင်းလေးတွေနဲ့အောက်မှာထိုင်ရတာဖြစ်လို့ သက်တောင့်သက်သာထိုင်လို့ ကောင်းမယ့်အဝတ်စား‌နဲ့မှအဆင်ပြေမှာပါ သိပ်ဟိတ်ဟန်တွေလုပ်စရာမလိုဘဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးလေး စားသောက်ဖို့ချိန်းလို့ကောင်းတဲ့ဆိုင်လေးပါ ဟင်းပွဲမျိုးစုံရပြီး သောက်စရာလည်း cocktailအစုံရပါတယ်
ဆိုင်လေးကကျယ်ကျယ်ဝန်းဝန်းရှိပြီး အပြင်အဆင်လေးကလည်းလှ သာသာယာယာ လေးနဲ့ ဆိုတော့ ချစ်သူနဲ့အတူတူ ကြည်နူးလို့ကောင်းတဲ့နေရာလေးတစ်ခုပါပဲ

လိပ်စာက ကန်တော်လေး ကန်ဘောင်ဘေး




My Coffee
မြို့ထဲနဲ့နည်းနည်းလေးတော့လှမ်းပေမယ့်လည်း ချစ်သူနဲ့အတူသွားသင့်တဲ့ဆိုင်လေးတွေထဲကတစ်ခုပါပဲ အချစ်နဲ့အတူတူဆို ဝေးလေကောင်းလေပေါ့‌
မြို့ပြရဲ့အဝေးတစ်နေ‌ရာ မှာ ရှုခင်းအတော်လှပါတယ် အပေါ်ထပ်အောက်ထပ်ရှိပေမဲ့ အပေါ်ထပ်မှာထိုင်တာကပိုမိုက်ပါတယ် နေမဝင်ခင်လေးချစ်သူနဲ့အတူတူသွားပြီး နေဝင်ချိန်တွေအတူငေးရင်း roလို့ကောင်းတဲ့နေရာလေးပါ ဒါပေမဲ့ ရှုခင်းတွေအရမ်းလှတာဆို‌‌ တော့ပုံရိုက်တာဝါသနာပါတဲ့ချစ်သူဆိုရင် ဓါတ်ဖမ်းပေးနေရတာနဲ့တင် နေဝင်တာတောင်သိလိုက်မှာမဟုတ်ပါဘူး
အစားအသောက်ကလည်းအစုံရပြီးပင်လယ်စာဗန်းတွေ အကင်ဗန်းတွေလည်းရပါတယ် မေမြို့ကော်ဖီစစ်စစ်‌လေးလည်းအရမ်း‌ ကောင်းပါတယ် မြို့ပြရဲ့အဝေးတစ်‌နေရာမှာဆိုတော့ ရှုခင်းတွေကငေးလို့မဝ အောင်ကို လှတာပါနော် အချိန်ရရင်တော့ ညအထိနေပြီး ကြယ်လေးတွေအတူတူရေလို့ရပါသေးတယ်
လိပ်စာက Pyinoolwin Centerဘေးလမ်း ရေချမ်းအိုး




Bamboo
ကန်တော်ကြီးထဲမှာဖွင့်ထားတဲ့ဆိုင်လေးပါ ကန်တော်ကြီးပိတ်ချိန်တိုင်းပိတ်တာမဟုတ်ဘဲ ည9နာရီထိဖွင့်ပေးထားပါတယ် ဆိုင်အပြင်အဆင်အတော်လှတဲ့ဆိုင်လေးပါ ကန်တော်ကြီးထဲချစ်သူနဲ့လျှောက်လည်ပြီးရင် ဝင်ထိုင်အနားယူသင့်တဲ့ဆိုင်လေးပါ ဒါမှမဟုတ်လည်းညနေစောင်းလေးမှချစ်သူနဲ့အတူသွားပြီးမှန်နားက ဝိုင်းလေးမှာထိုင် ကော်ဖီလေးသောက်စကားလေးပြောရင်း ကန်တော်ကြီးရဲ့အလှကို ခံစားငေးမောလို့ရပါတယ်
ညအထိဖွင့်တဲ့ဆိုင်လေးဖြစ်လို့ night outလည်းထွက်ချင်တယ် ရှုပ်တဲ့နေရာတွေလည်းမသွားချင်ဘူး ဆိုရင်တော့ ဒီဆိုင်လေးကအတော်အဆင်ပြေပါတယ်နော်

လိပ်စာက ပြင်ဦးလွင် ကန်တော်ကြီ



Cafe'MayMyo
ကော်ဖီအရမ်းကောင်းတဲ့ဆိုင်လေးပါ မသောက်တတ်တဲ့ကောင်မလေးနဲ့ ညဘက် dateချင်တယ်ဆိုရင်တော့ဒီဆိုင်လေးကိုသာရွေးလိုက်ပါ ကော်ဖီ ဒိန်ချဉ် နဲ့အအေးမျိုးစုံ မုန့်မျိုးစုံရပါတယ် သီချင်းတိုးတိုးလေးရယ် ချစ်စရာကောင်းတဲ့ဆိုင်အပြင်ဆင်လေးရယ် တကယ်ကို romanticဖြစ်ပြီး ချစ်သူနဲ့အတူတူသွားလို့ကောင်းတဲ့နေရာလေးပါ
မေမြို့ကော်ဖီစစ်စစ်လေးကိုအထာကျကျသောက်ရင်း ချောကလက်ကိတ်လေးအတူတူစားရင်းဝါသနာပါရင်တော့ စာအုပ်တစ်အုပ်ကိုလည်းအတူတူဖတ်လို့ရပါသေးတယ်နော် ကဗျာဆန်ဆန်နေတတ်တဲ့ချစ်သူလေးကို ခေါ်သွားသင့်တဲ့ နေရာလေးတစ်ခုပါ

လိပ်စာက ရ က က 4 ခဲလည်ကျောင်းလမ်း

December Farm
မြို့အထွက် December စားသောက်ဆိုင်ကိုတော့အကုန်လုံးသိပြီးသားဖြစ်မှာပါ ဒီနေရာလေးကတော့ အဲ့စားသောက်ဆိုင်ကနေမှ အထဲထပ်ဝင်ရပါသေးတယ် ဒီဇင်ဘာရေတံခွန်နဲ့ ပန်းခြံလေးပါ စားသောက်ဆိုင်လည်း ရှိနေပါပြီ
မြို့ထဲနဲ့တော့နည်းနည်းဝေးပြီးလည်စရာနေရာတွေလည်းများတော့ နေ့တစ်ဝက်လောက်အချိန်ရတယ်ဆိုသွားသင့်ပါတယ်
မြို့ထဲကနေ လားရှိုးလမ်းမအတိုင်းမသွားဘဲ မြို့ရှောင်လမ်းဘက်က သွားတာပိုမိုက်ပါတယ် လမ်းလည်း သိပ်မရှုပ်ဘဲ မြို့ရှောင်လမ်းကရှုခင်းလေးတွေလည်းငေးသွားလို့ရတယ်
အထဲမှာစားသောက်ဆိုင်ရှိပေမယ့် စား‌စရာကတော့အပေါ်ဆိုင်လောက်မစုံသေးပါဘူးလည်စရာနေရာတွေကတော့ တော်တော်စုံစုံရှိပြီးပန်းလေးတွေလည်းအရမ်းလှပါတယ်။ စက်ဘီးစီးမလား လှေလှော်ကြမလား ရွက်ဖျင်တဲလေးထဲမှာပဲအနားယူမလား ရေထဲဆင်းဆော့မလား နေရာတွေစုံလွန်းပြီး ချစ်သူနဲ့အချိန်ဖြုန်းဖို့အကောင်းဆုံးနေရာလေးပါ
တောင်တန်းတွေရယ် ရေတံခွန်ရယ် ပန်းခင်းတွေရယ်နဲ့ မေမြို့ရဲ့ အရသာကိုလည်း အပြည့်အဝခံစားရစေတယ် ချစ်သူနဲ့တစ်ခေါက်လောက်တော့ရောက်အောင်သွားကြည့်သင့်တဲ့နေရာလေးပါပဲ 

pyin oo lwin

 we love pol

မေမြို့က ထူထူခြားခြားတည်းခိုစရာနေရာလေးများ 🏡🏡🏡

ပြင်ဦးလွင်ရောက်တဲ့အခါ ပုံမှန်သမာရိုးကျHotelတွေမတည်းချင်ဘဲ ထူးထူးဆန်းဆန်းနဲ့ကဗျာဆန်ဆန်လေးနေချင်ကြတဲ့လူငယ်‌ တွေအတွက် .... #Htoongelayvilla #Te...